Saturday, 10 March 2012
လမင်းရဲ့ရင်ဘတ်ထဲက အလင်းရောင်ဝှက်ဖဲ
“လမင်းရဲ့ရင်ဘတ်ထဲက အလင်းရောင်ဝှက်ဖဲ
ပင်လယ်ရေချိုစေဖို့
လမင်းလည်း ငိုတတ်ခဲ့ပြီကွယ်
အလင်းပြာတွေ အက်ကွဲ
သူမလက်ထဲက ဝှက်ဖဲတစ်ချပ်သည်
ပင်လယ်၏ အသက်ဖြစ်လေရဲ့
စေတန်ရဲ့ မြားတစ်ချက်ကြောင့်
အသင်္ချေတမျှ ကြွေလွင့်ခဲ့ရသော
ဆန္ဒမီးတောက်
အလင်းပျောက်ခဲ့ရသော ကြယ်စင်တွေရယ်
ကောင်းကင်ညည်းသံသဲ့သဲ့မှာ
သင်တို့ရဲ့ အငွေ့အသက်တွေပါသတဲ့
သစ္စာအရိုင်းတို့ဖြင့်တည်သော
ကြယ်စင်တို့ရဲ့ သမိုင်း အုတ်ဂူဖြူသည်
အလင်းငှက်တို့ နားရာမြေဖြစ်သည်
ကောင်းကင် သက္ကရာဇ်နဲ့
လမင်းရဲ့ အရိုးအဆစ်တွေကြားမှာ
ကြယ်စင်တို့ရဲ့သစ္စာတရားတွေ နားဝင်ခိုကပ်
စကြဝဠာနဲ့အတူ ခရီးဆက်ကြလိမ့်ဦးမည်..........။ ။
နေရိုင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment