Tuesday, 6 March 2012

နှင်းဆီအရိပ်အောက်က သုည

“နှင်းဆီအရိပ်အောက်က သုည”

ကွဲအက်ထွက်တော့မယ့်
အဲ့ဒီ အလင်းမှုန်ညချမ်းမှာပဲ
ရဲရဲရင့်ရင့် စွင့်လွင့်ပြီး
ပွင့်ပစ်လိုက်စမ်းပါ နှင်းဆီရယ်.....

စကြဝဠာ
အထပ်ထပ်အဝေးကနေ
အလင်းနှစ်တွေနဲ့ ငါပြေးခဲ့မယ်.....

ဖွာလန်ကျဲနေတဲ့ ငါ့ဆံပင်တွေကို
သင့်ရဲ့ ဆူးခက်တွေနဲ့ထွင်
ဖြူရော်တော့မယ့် ငါ့သွေးတွေအတွက်
သင့်ရဲ့ပွင့်ဖတ်တွေနဲ့ နီစွေးစေလိုက်မယ်.....

ငါ...ရူးမိုက်ပါရစေတော့ နှင်းဆီရယ်
နွမ်းလွင့်လို့ကြွေစေဖို့
ဘယ်လက်မျိုးနဲ့မှ
ကမ်းလင့်လို့ မချွေစေရဘူး.....

ဒီခန္ဓာ ဒီစိတ်နဲ့
သင့်အရိပ်မှာ အိပ်ပါရစေ..........။ ။

နေရိုင်း

No comments:

Post a Comment