Sunday, 29 January 2012

လွမ်းမိပါရဲ့ အညတရငယ်ဘဝလေးကို


“လွမ်းမိပါရဲ့ အညတရငယ်ဘဝလေးကို”

ညတွေမှာသာ အတောင်ပံရှိခဲ့ရင်
ဟိုး...ဝေးဝေးက ငယ်အတိတ်တွေဆီကို
ခဏလောက် အလည်ပြန်ချင်မိတယ်.....

ငါ့ဘဝ ညတွေမှာ...
မိုးတွေလည်းထစ်ချုန်းခဲ့ဖူးတယ်
နှင်းမှုန်အိပ်မက်တွေလည်း ကွဲရှခဲ့ဖူးတယ်
ရွက်ဝါအချို့လည်း ချွေချခံခဲ့ရဖူးတယ်.....

ဒါပေမယ့်...ငါမနာကျင်တတ်ခဲ့ဘူး.....

ဒီညတော့.....
ကောင်းကင်မှာ ကြယ်တွေ အလျားလိုက်ကြွေနေကြတယ်.....

ခဏလောက်လေးပါ.....
ငယ်ဘဝက ညလေးတွေဆီကို
ငါ...အလည်ပြန်သွားချင်လို့ပါ..........။ ။

နေရိုင်း

No comments:

Post a Comment