Sunday, 29 January 2012

မွှေးစေလိုလည်း မပွင့်ခဲ့သောလမင်း



‎“မွှေးစေလိုလည်း မပွင့်ခဲ့သောလမင်း”

ညနေဟာ အလင်းပြာတွေနဲ့ညို့ဝေ
ကောင်းကင်က နှုတ်ဆိတ်နေတယ်.....

ဆည်းဆာက နှုတ်ဆက်ချင်နေပေမယ့်
အိပ်တန်းပြန်နောက်ကျတတ်တဲ့ ငှက်ကလေးတွေကရှိနေဆဲပါ.....

ထိုသို့ဖြင့်ပင် ငါတို့ဝေးကြတော့မည်ထင်ပါသည် ချစ်သူ.....

ခွဲကြတော့မည်လား
လက်တွဲမဖြုတ်ခင်အထိတော့
လက်ခြင်းမြဲမြဲ ဆုပ်ခဲ့ချင်သေးသည်.....

သက်ပြင်းတွေ အခါခါချ
ပင့်သက်ကို အသာရှိုက်ရင်း
ကောင်းကင်မှာ လရိပ်တောင်စွန်းခဲ့ပြီ.....

ငါတို့နှုတ်ဆက်ချိန်သည်
ပြတ်အံ့မူးမူး ဂစ်တာကြိုးကလေး၏
နောက်ဆုံးအချိန်နှင့်တူသည်.....

ကောင်းကင်ပိုက်က တိမ်တိုက်တို့သည်မလှပ
ထိုတိမ်တိုက်တွေကြားက လရောင်ကလည်း
ငွေရည်တဝက် မဟူရာတဝက်နဲ့ပေါ့....

ညကလှပါသည်.....
သို့ပေမယ့် ပန်းများမပွင့်ခဲ့ပါ........။ ။

နေရိုင်း

No comments:

Post a Comment