"“ကျွန်တော်နှင့်တစ်ချိန်ကကျောင
ကျောင်းတော်ကြီးဆီမှာ
ရာဇဝင်ဆိုးရဲ့
အရိုးတွန်သံတစ်ချို့လည်းကွယ်ပျေ
ရဲရင့်ဖြူစင်ခြင်းနဲ့ ရင့်ကျက်တဲ့အတွေးတွေ
ကျောင်းတော်ကြီးဆီကိုပြေးဝင်
ဝိဉာဉ်ဖြူတို့လည်း
အသက်ဝင်လာကြပြီ.....
ဟိုး.....စကြဝဠာတစ်ခွင်က
ကြယ်စင်လေးတွေဆီမှာ
ရာဇဝင်ကိုတုန်ခါစေခဲ့သော
သားပျောက်ရှာတဲ့ အမေတို့ရဲ့မျက်ရည်စီးသံ
ဂန္တဝင်ဆန်ခဲ့တဲ့ သက္ကရာဇ်အမှန်တွေပေါ့.....
ကဝေဖန်ဆင်းတဲ့
ဒီဆောင်းဦးပေါက်မှာတော့
တိမ်စင်ကင်းတဲ့ ဟိုကောင်းကင်ထက်မှာ
လခြမ်းအဝါကိုတော့
ငါ......ခပ်ရေးရေးမြင်နေရပြီ...
နေရိုင်း
No comments:
Post a Comment