Sunday, 29 January 2012

ကဝေည


“ကဝေည”

စူးစူးသျှသျှ ခါးလိုက်တဲ့ည.....

ကောင်းကင်မှာလည်း ကြယ်စင်တွေမခဘူး

ကျွတတ်လာတဲ့ အပူလှိုင်းတွေနဲ့အတူ

ငါ့ရင်ဘတ်ကြီး ဒိုင်းခနဲသေသွားတယ်.....

အာဒံနဲ့ ဧဝတို့ရဲ့ ပန်းသီးအစတစ်စ

ငါ့အရှေ့မှာ လာကျတယ်

ငါ ခပ်ဖွဖွရယ်ပြလိုက်မိတယ်ထင်ရဲ့.....

ငါ့ဒိုင်ယာရီထဲမှာလည်း

ငါက သူရဲကောင်းမဖြစ်ခဲ့ဖူးဘူး

ဗီလိန် အခန်းမှာတော့

တောက်ခေါက်သံတွေ

အနုမြူဆန်ဆန် ငါ့ထံကို ဝဲပျံကျလာခဲ့တယ်..........။

ဆည်းဆာအရာင်နဲ့ ကောင်မလေး



‎"“ဆည်းဆာအရောင်နဲ့ ကောင်မလေး”

ဟိုး...ဝေးဝေးကိုကြည့်စမ်း
တောင်တန်းတချို့ ခုံးမောက်နေလိုက်တာ
ဆည်းဆာဆန်ဆန်လှမယ့် ညနေခင်းတစ်ခုအလားပဲ.....

ကောင်မလေးတစ်ယောက်ရဲ့ဆံမျှင်မှာလည်း
နှင်းဆီတွေ မဖူးတော့ဘူးတဲ့.....

အရူးတစ်ယောက်ပေးသွားတဲ့ စုဗူးလေးတစ်လုံးကိုကိုင်ရင်း
ငါ အဆုံးအစမရှိငေးမောလိုက်မိတယ်.....

မိုးတိမ်တချို့ ငါ့အပေါ်ပြိုကျလာတယ်
သြော်...မိုးတောင်ရွာတော့မှာပါလား.....

ထီးမပါလာတော့လည်း
ငါလှည့်ပြန်လာမိတယ်.....။

နေရိုင်း

ပန်းနုရောင် အမေ့နို့ဖိုး


“ပန်းနုရောင် အမေ့နို့ဖိုး”
စိတ်ကူးအချိုတွေထည့်ထားတဲ့
ပန်းရောင်လက်ပစ်ဗုံးတစ်လုံး...

ငါကိုယ်တိုင်စိုက်ပျိုးခဲ့တဲ့
အသည်းကွဲရောင် ဒိုင်ယာရီတစ်ပုဒ်...

မှော်ပညာမြောက် နှလုံးသွေးနဲ့ဆောက်ခဲ့တဲ့
ငါ့ရဲ့အနာဂတ် အိမ်လေးတစ်လုံး...

သူမအတွက်ရည်ရွယ်ပြီး
စွတ်စိုခဲ့ဖူးတဲ့ မနက်ခင်းအိုတစ်ခု...

လမ်းတစ်ခုကိုလျှောက်ရင်း
ငါပြုတ်ကျကျန်ခဲ့တဲ့ အမေ့နို့ဖိုး...

အဲ့ဒီအရာတွေပျောက်
သူမရဲ့ကောက်ကြောင်းတွေပြန်မရရင်နေပါစေ...

ငြါပုတ်ကျကျန်ခဲ့တဲ့ အမေ့နို့ဖိုးလေးပြန်ရရင်ပဲ...ငါပျော်ပါပြီ.....။ ။

နေရိုင်း

ငါဆိုတဲ့ကောင်


ငါဆိုတဲ့ကောင်က...

တစ်ခါတစ်လေ
ကြယ်ကြွေတာကိုတောင်
ကျွမ်းကျွမ်းဝေဝေ ငေးမောတတ်တုန်း...

တစ်ခါတစ်လေ
ကော်ဖီပူပူတစ်ခွက်ကို
စကားလုံးတွေနဲ့ စိမ်ပြေနပြေ အငွေ့ပျံထွက်စေတတ်တုန်း...

တစ်ခါတစ်လေ
မိုးတွေတိတ်တာတောင်
တစ်ယောက်တည်း ရွာလို့ကောင်းတုန်း...

တစ်ခါတစ်လေ
အိပ်မက်တွေကို
မျက်ရည်ပူတွေနဲ့ စိုစွတ်စေတတ်တုန်း...

တစ်ခါတစ်လေ
ကဗျာရှည်တွေကို
သူမအတွက် ရေး,ရေးမိနေတုန်း...

တစ်ခါတစ်လေ
မြို့ဟောင်းထဲက
သမိုင်းကြောင်းတစ်ခုကို ပြန်လည်အသက်သွင်းချင်နေတုန်း...

တစ်ခါတစ်လေ...
တစ်ခါတစ်လေ...
တစ်ခါတစ်လေ...ငါတစ်ယောက်တည်း...လွမ်း,လွမ်းမိနေတုန်း...။ ။

နေရိုင်း

နှုတ်ဆက်အလွမ်း


“နှုတ်ဆက် အလွမ်း”

ကော်ဖီတစ်ခွက်

အနက်ရောင်လွယ်အိတ်တစ်လုံး

ငါ့ကိုရှုံးစေခဲ့တဲ့ ပဉ္စလက်ဆရာရဲ့

ကံ့ကော်ဝှက်ဖဲတစ်ချပ်.....

ငါ...လှည့်မကြည့်ဖြစ်လိုက်တဲ့

ဆံပင်ရှည်ကောင်မလေးရဲ့ နှုတ်ဆက်သံ

အားလုံးဟာ ငါ့ကိုလွမ်းသွားစေတယ်.....။

နေရိုင်း

ကျွန်တော်နှင့် ကဗျာဖြူလေးတစ်ပုဒ်


“ကျွန်တော်နှင့် ကဗျာဖြူလေးတစ်ပုဒ်”

နတ်ဆိုးတစ်ချို့ ငါ့အိပ်မက်တွေကိုခိုးတုန်းက

ကြယ်စင်တွေလည်း တေးမဆို

လမင်းကြီးတောင် ငိုခဲ့ရတယ်.....

ငါ.....ဆိုတဲ့ကောင်က

အိပ်မက်တွေပျောက်

မျှော်လင့်ချက်တွေမှောက်တောင်

ကဗျာ တစ်ပုဒ်တည်းနဲ့လည်း

ငါ့ဘဝကို ငါထုဆစ်သွားမယ့်သူ.....။

ယုံကြည်ရင် လက်တွဲလိုက်

စိတ်ကြမ်းဘီလူးတို့ ခြေပင်မကြူးသောမြေကို

ကဗျာဖြူတို့နဲ့ ငါဝင်ပြမယ်........။ ။

နေရိုင်း

ရိုးသားခြင်း


“ရိုးသားခြင်း”

ပိုင်ဆိုင်မှုဆိုတာ ငါ့မှာဘာဆိုဘာမှမရှိပါ

ဒါပေမယ့်...ရိုးသားခြင်းကိုတော့ ငါပိုင်တယ်

လောကကဓံတရားရဲ့အောက်မှာ

ရိုးသားရာကနေတော့ ရူးသွပ်မသွားပါဘူး

ရူးသွတ်စွာနဲ့ကိုတော့ ငါရိုးသားနိုင်ပါတယ်

(ရိုးသားဖြူစင်ခြင်းဟာ မိမိအဖြစ်ကို မိမိပြန်လည် ရှာဖွေသိရှိခြင်းဖြစ်စဉ်ပါ

ဖန်တီးလုပ်ယူတာ မဟုတ်ပါဘူး)

အဲ့ဒီ ရိုးသားခြင်းကို ရူးသွပ်ရင်းနဲ့

ငါ.....ရိုးသားတတ်ခဲ့တယ်.....။ ။

နေရိုင်း

အရုဏ်မှာ ဖူးတဲ့ကြာ


“အရုဏ်မှာဖူးတဲ့ကြာ”
အရုဏ်မှာ ဖူးတဲ့ကြာကို
ဘယ်လိုလရောင်နဲ့ ယုယမလဲ
ကြယ်ကလေးတွေ ငိုခြင်းချရမယ့် ပုစ္ဆာမို့
စကြဝဋ္ဌာအပြင်ဖက်ကို လွှင့်ထုတ်လိုက်ရတယ်.....

လရောင်ကိုပန်
ညဥ့်ယံမှာပဲ စံတဲ့ပန်း
တိမ်တိုက်တံခါးတွေကိုချ
ငါ့ညတွေကို သူခွကျော်သွားခဲ့တယ်
သဘာဝမဟုတ်တဲ့ သဘာဝမို့
လောကကို ဟစ်ကြွေးပြမယ်.....

မင်းဘဝညတွေမှာ အတောင်ပံမပါ,ပါဘူး
နိယာမရဲ့စေစားရာ
တစ်နေ့မင်းဖျားနာမှ
လရောင်ဆိုတာကို မတောင့်တနဲ့
ကမ္ဘာ့အမှောင်ဆုံးအခြမ်းက
မင်းအတွက် ထာဝရဖြစ်လိမ့်မယ်.....။ ။

နေရိုင်း

ဆာဟာရပေါ်က ငါ့ဖိနပ်ဖြူလေး


“ဆာဟာရပေါ်က ငါ့ဖိနပ်ဖြူလေး”

လေဆန်တွေတိုး နတ်ဆိုးတွေပျော်တဲ့ညမှာ

အိပ်မက်တွေကို လေးအသွင်ပြောင်း

မျှော်လင့်ချက်တွေကို မြားအဖြစ်တပ်ဆင်ပြီး

ဂန္ဓဝင်မြို့ဟောင်းထဲက

ဆောင်းဦးပေါက် ကဗျာတွေကိုအမဲလိုက်ဖို့

ငါ့ဖိနပ်အဖြူလေးနဲ့ ခရီးရှည်တစ်ခုကို ငါထွက်ခဲ့တယ်.....

ကောင်းကင်ဟာ အလင်းပြာတွေနဲ့ညို့ဝေ

ကြယ်တွေလည်း အဆုပ်လိုက်ကြွေလို့

ငါ့အိပ်မက်နဲ့မျှော်လင့်ချက်တွေ ညလေမှာလွန်းထိုးသွားကြတယ်.....

လရောင်တွေဖြာကျ သိပ်သိပ်သည်းသည်းလှမယ့်ည

ဆာဟာရမှာ မိုးတစ်ပွင့်ကျသွားတယ်

ကောင်မလေးတစ်ယောက်လည်း ငါ့အိပ်မက်တွေကိုမှောက်ခဲ့.....

ဟန်မူရာဘီရဲ့ ကိုဒဥပဒေသာ

မင်းနဲ့ငါ့အကြားမှာရှိခဲ့ရင်.....

ကောင်မလေး...မင်းငါ့အိပ်မက်တွေကို အလျော်ပြန်ပေးရလိမ့်မယ်.....

လရောင်ဟာ မှောင်တဲ့ညမှာပိုလင်းတယ်တဲ့ ကောင်မလေး

ငါ့မျှော်လင့်ချက်အချို့လည်း ပုန်းလျှိုးကွယ်ပျောက်

ကြယ်စင်တွေနောက် လိုက်သွားကြလေရဲ့.....

ငါ့လက်မှာ ဗလာနတ္ထိ ဖက်တွယ်စရာမရှိပေမယ့်

ငါ့ရဲ့ဖိနပ်ဖြူလေးတစ်ရံ ငါ့ဆီမှာကျန်ခဲ့သေးလို့.....ငါပျော်မိတယ်.....။ ။

နေရိုင်း

ထွေးဖက်ပေးပါ ပုခက်လွှဲသောလက်ရှင် ကျေးဇူးရှင် အမေ


“ထွေးဖက်ပေးပါ ပုခက်လွှဲသောလက်ရှင် ကျေးဇူးရှင် အမေ”

အမေ့ရဲ့ အတိတ်စာမျက်နှာတွေမှာ
ကျွန်တော်တို့အတွက် နာရီလက်တံတွေ"မဲ့"ခဲ့တယ်

မုတ်သုန်တွေခွါချ
နှင်းစက်တို့လိမ်းကျံ
နေရောင်ဒဏ်နဲ့ နွေပင်လယ်အဆက်ဆက်ကိုလည်း
ကျွန်တော်တို့အတွက်နဲ့ ရဲရဲဖြတ်ကျော်ခဲ့တဲ့ အမေ.....

အမေရယ်.....
အရွယ်အိုနေပေမယ့်
အမေ့ရဲ့မေတ္တာတွေက
မြင့်မိုရ်မက စကြဝဋ္ဌာအဆဆထက်သာတဲ့
ဆောင်းကဗျာလွင်လွင်ကလေးတစ်ပုဒ်လို
အေးမြလတ်ဆတ် အနှိုင်းမဲ့ပါ အမေ.....

ကျွန်တော်တို့အတွက်
အမေ့ရင်ကို မြားအစင်းစင်းဖောက်
ဒီဒဏ်ရာတွေပျောက်ဖို့
မျက်ရည်တွေတောင် သောက်သုံးခဲ့ရသလား အမေ.....

အမေဆိုတဲ့ ဒီစာသားလေး
အက္ခရာ အထပ်ထပ်နဲ့တောင်
စာကမ္ဗည်းစပ်လို့ မရနိုင်ဘူးထင်ရဲ့
ကျွန်တော့်လက်ဖျားမှာ
အက္ခရာတွေ မီးပွင့်ထွက်တော့မယ် အမေ.....

အက္ခရာတွေပျောက်
ကောင်းကင်ကြီးမှောက်ပါစေ
ပုခက်လွှဲသော အမေ့လက်နဲ့
ထွေးဖက်ပေးရင်ပဲ
ကျွန်တော် နေ...ပျော်...ပါ...ပြီ "အမေ".....။ ။

နေရိုင်း

အမေ


“အမေ”
အမေ.....
သားအတွက်နဲ့
ရင်ဘတ်တွေကြေ
မျက်ရည်ဝေနေခဲ့တာ
သက္ကရာဇ်တွေပြို
ရက်၊လ၊နှစ်တွေ
ဘယ်လောက်တောင်အိုနေခဲ့ပြီလဲ အမေ.....

သားမ,မိုက်ပါဘူး အမေ.....

ကံကြမ္မာရဲ့ စေရာလိုက်
အချိန်အခိုက်အတန့်တော့
ကောင်းကင်ကို မော့ကြည့်ခွင့်ရဦးမှာ မဟုတ်ဘူး အမေ.....

သားကို"လွမ်း"ရင်
မျက်ရည်မကြွေပါနဲ့အမေ.....

သားရဲ့ ဒီလက်က
အမေ့မေတ္တာနို့ကြွေးတွေဆပ်ဖို့
့မလုံလောက်လို့ပါ အမေ........။ ။

နေရိုင်း

အဖြူရောင်ကြယ်ကြွေ ဒိုင်ယာရီ



‎“အဖြူရောင်ကြယ်ကြွေ ဒိုင်ယာရီ”

ကောင်းကင် အငိုမှာ
ကြယ်စင်တွေ ပြိုကျလာတယ်
သူမ မျက်ဝန်းမှာလည်း
ပုလဲတစ်ချို့က တွဲခိုလို့ပေါ့.....

နေရစ်တော့ ချစ်သူရေ.....

တို့နှစ်ယောက်ကဗျာသီဖို့
နတ်ဆိုးတို့ထုဆစ်တဲ့ လမ်းပေါ်
ငါခရီးရှည်ထွက်ရဦးမယ် ချစ်သူ.....

ပိုးစုန်းကြူးတစ်လက်နဲ့တော့
ငါ...နင့်ကို လင်းလက်ခွင့်မပေးနိုင်ခဲ့ဘူး ချစ်သူ.....

မီးတောက်တွေ ဝါးမြို
အလံဖြူကိုထူခဲ့တာတောင်
ဘဝက အခုထက်ထိမှောင်ဆဲမို့
ချစ်သူရေ.....
ကောင်းကင်အရောင်တွေ မှေးမှိန်
သူ့ပွင့်လွှာတွေ ကြွေချိန်ကျမှ
ငါပြန်လာခဲ့မယ်........။ ။

နေရိုင်း

လွမ်းမိပါရဲ့ အညတရငယ်ဘဝလေးကို


“လွမ်းမိပါရဲ့ အညတရငယ်ဘဝလေးကို”

ညတွေမှာသာ အတောင်ပံရှိခဲ့ရင်
ဟိုး...ဝေးဝေးက ငယ်အတိတ်တွေဆီကို
ခဏလောက် အလည်ပြန်ချင်မိတယ်.....

ငါ့ဘဝ ညတွေမှာ...
မိုးတွေလည်းထစ်ချုန်းခဲ့ဖူးတယ်
နှင်းမှုန်အိပ်မက်တွေလည်း ကွဲရှခဲ့ဖူးတယ်
ရွက်ဝါအချို့လည်း ချွေချခံခဲ့ရဖူးတယ်.....

ဒါပေမယ့်...ငါမနာကျင်တတ်ခဲ့ဘူး.....

ဒီညတော့.....
ကောင်းကင်မှာ ကြယ်တွေ အလျားလိုက်ကြွေနေကြတယ်.....

ခဏလောက်လေးပါ.....
ငယ်ဘဝက ညလေးတွေဆီကို
ငါ...အလည်ပြန်သွားချင်လို့ပါ..........။ ။

နေရိုင်း

ယစ်မူး


“ယစ်မူး...”

ကမ္ဘာလည်း မကျော်ချင်ဘူး

ဆရာလို့လည်း အခေါ်မခံချင်ဘူး

နင့်ကိုချစ်နေရရင်ပဲ

ပျော်နေမယ့်သူ........။ ။

နေရိုင်း

မွှေးစေလိုလည်း မပွင့်ခဲ့သောလမင်း



‎“မွှေးစေလိုလည်း မပွင့်ခဲ့သောလမင်း”

ညနေဟာ အလင်းပြာတွေနဲ့ညို့ဝေ
ကောင်းကင်က နှုတ်ဆိတ်နေတယ်.....

ဆည်းဆာက နှုတ်ဆက်ချင်နေပေမယ့်
အိပ်တန်းပြန်နောက်ကျတတ်တဲ့ ငှက်ကလေးတွေကရှိနေဆဲပါ.....

ထိုသို့ဖြင့်ပင် ငါတို့ဝေးကြတော့မည်ထင်ပါသည် ချစ်သူ.....

ခွဲကြတော့မည်လား
လက်တွဲမဖြုတ်ခင်အထိတော့
လက်ခြင်းမြဲမြဲ ဆုပ်ခဲ့ချင်သေးသည်.....

သက်ပြင်းတွေ အခါခါချ
ပင့်သက်ကို အသာရှိုက်ရင်း
ကောင်းကင်မှာ လရိပ်တောင်စွန်းခဲ့ပြီ.....

ငါတို့နှုတ်ဆက်ချိန်သည်
ပြတ်အံ့မူးမူး ဂစ်တာကြိုးကလေး၏
နောက်ဆုံးအချိန်နှင့်တူသည်.....

ကောင်းကင်ပိုက်က တိမ်တိုက်တို့သည်မလှပ
ထိုတိမ်တိုက်တွေကြားက လရောင်ကလည်း
ငွေရည်တဝက် မဟူရာတဝက်နဲ့ပေါ့....

ညကလှပါသည်.....
သို့ပေမယ့် ပန်းများမပွင့်ခဲ့ပါ........။ ။

နေရိုင်း

အလင်္ကာ အလွမ်းည



‎“အလင်္ကာ အလွမ်းည”

ရသမြောက် ပန်းအလင်္ကာမှာ
အလွမ်း ဝင်္ကဘာရှုပ်ထွေးမှုကို
ရအောင်အဖြေ မထုတ်နိုင်ခဲ့တဲ့ည.....

စကြဝဠာကေသာမှာ ကြယ်စင်တွေပန်
'လ'ဆံထိုးကိုထိုးလို့
ညက ကပိုကရိုလေးလှ၏.....

ထိုညကို အခါခါခိုးနမ်းရင်း
အလွမ်းတွေလည်းဝေခဲ့ဖူးသည်.....

စိမ်းလွလွ ကမ္ဗလာအောက်က
ခပ်ပါးပါးငါ့ဘဝခေါက်ရိုးကျိုးကိ
ခဏခဏ ငါပြန်ဖတ်မိတဲ့ညလည်းဖြစ်သည်.....

အို.....ချစ်သူ
ငါ.....လွမ်းသည်.....

တို့နှစ်ယောက်ဝေးခဲ့ကြသည့် နေ့ရက်တွေမှာ
ဆွေးတသက်သက်ကြွေခဲ့ရှာသည့်
တချိန်ကဝေခဲ့သော ပန်းကလေးတွေလည်း
နွမ်းခြောက်ရှာခဲ့ပြီ.....

ဒီလိုနဲ့ပဲ
ကြယ်အိုတွေက တေးမဆို
လမင်းကြီးလည်း ငိုနေရှာပေါ့ ချစ်သူရယ်.....။ ။

နေရိုင်း

ကျွန်တော့်ရဲ့ ငြိမ်းချမ်းရာရင်ခွင်သို့


“ကျွန်တော့်ရဲ့ ငြိမ်းချမ်းရာရင်ခွင်သို့.....”

အတောင်စုံပြီ ထင်လို့
လေအဟုန်ကိုခွင်းပြီး
လမ်းတစ်ခုကို သားလျှောက်ခဲ့တယ် အမေ.....

သားနင်းခဲ့တဲ့လမ်းတစ်လျှောက်လုံ
အထီးကျန်ခြင်းတို့ အပြိုင်းပြိုင်းထ
သားကိုယ်မှာလည်း ဒဏ်ရာတွေ ဗရပွနဲ့ပေါ့.....

အချို့သောသူတွေက
သူတို့ဆိုင်ရာ နေရာတွေမှာရပ်
ဒီဘဝတွေကို အိပ်မက်မက်ကြဦးမယ်.....

သားကတော့ အိပ်ယာမဲ့သူပေါ့
ဒီလမ်းကလေး မဆုံးသေးသ၍
ဒီခြေထောက်တွေနဲ့ ရွေ့နေရဦးမယ် အမေ.....

ရောင်နီလည်းပျိုးခဲ့ပြီ
မျက်ဝန်းမှာ မျက်ရည်စိုလို့
ရင်ထဲမှာ မိုးတွေညို့နေပြီလား အမေ.....

စိတ်ချပါ အမေ.....
အဖေပေးခဲ့တဲ့ "အားမာန်"
သားအတွက် ဓား၊လှံ တွေမလိုပါဘူး
အမေ့ရဲ့ နွေးထွေးတဲ့ "မေတ္တာ"
သားရဲ့ ခိုင်မာတဲ့ "သစ္စာ" တွေကိုအရင်းပြုလို့
အခု သားပြန်လာဖို့ကြိုးစားနေတယ် အမေ.....။ ။

နေရိုင်း

ကျွန်တော်နှင့် တစ်ချိန်ကကျောင်းတော်


‎"“ကျွန်တော်နှင့်တစ်ချိန်ကကျောင
်းတော်”


ကျောင်းတော်ကြီးဆီမှာ
ရာဇဝင်ဆိုးရဲ့
အရိုးတွန်သံတစ်ချို့လည်းကွယ်ပျောက်လုပါပြီ.....

ရဲရင့်ဖြူစင်ခြင်းနဲ့ ရင့်ကျက်တဲ့အတွေးတွေ
ကျောင်းတော်ကြီးဆီကိုပြေးဝင်
ဝိဉာဉ်ဖြူတို့လည်း
အသက်ဝင်လာကြပြီ.....

ဟိုး.....စကြဝဠာတစ်ခွင်က
ကြယ်စင်လေးတွေဆီမှာ
ရာဇဝင်ကိုတုန်ခါစေခဲ့သော
သားပျောက်ရှာတဲ့ အမေတို့ရဲ့မျက်ရည်စီးသံ
ဂန္တဝင်ဆန်ခဲ့တဲ့ သက္ကရာဇ်အမှန်တွေပေါ့.....

ကဝေဖန်ဆင်းတဲ့
ဒီဆောင်းဦးပေါက်မှာတော့
တိမ်စင်ကင်းတဲ့ ဟိုကောင်းကင်ထက်မှာ
လခြမ်းအဝါကိုတော့
ငါ......ခပ်ရေးရေးမြင်နေရပြီ.....။ ။

နေရိုင်း