ရနံ့တွေ တသုန်သုန်ပွင့်ခဲ့တဲ့လမ်းကလေးပေါ့
စံပယ်တစ်ပွင့်စာကလေးလင်း
စောင်းကြိုးတွေလည်း တင်းခဲ့တယ် ...
နတ်ဆိုးတွေရဲ့ အာသံကို
ကန္တာရလက်ဖဝါးနဲ့ပန်ရင်း
သင်းကွဲအိပ်မက်ထဲ
ရိုက်ခွဲကြိတ်ထည့်
အလွမ်းတွေလည်း
မှုန်နေအောင် လဲ့ခဲ့ပြီ ...
နေရိပ်၊ လရိပ်အလွန်မှာ
ရာသီအိုတွေ
တလွင်လွင်လိမ့်ဆင်း
ကောင်းကင်စကားတစ်ခွန်းက
ကြယ်စင်တွေကို နစ်မွန်းစေခဲ့ ...
ဒီလိုနဲ့ ...
စကြဝဠာအခန်းခန်းမှာ
ပြက္ခဒိန်တွေ သမ်းဝေငိုက်မြည်းရင်း
အနန္တအရောင်မှာ
သက်ပြင်းတွေဟာ မှောင်လွန်းခဲ့တယ် ..... ။ ။
နေရိုင်း
No comments:
Post a Comment