လရောင်ကို ပွေ့ဖက်ရင်းနဲ့
ကြိုးပြတ်သွားတယ် စံပယ်ရွက်က
သင်းကွဲငှက်တစ်ကောင်ရဲ့ အိပ်မက်နဲ့
အတောင်ပံတွေကို ခြိမ့်ခြိမ့်သဲသဲခတ်ခဲ့တယ် ...
နှင်းစက်တွေ အိပ်တန်းတက်တဲ့အရပ်မှာ
ကောင်းကင် အငွေ့အသက်တွေနဲ့မူးလဲ
တိမ်ကွဲလေပြေ
ဆန္ဒတို့ရဲ့ မိုးရေစက်
ဖိနပ်အပြတ်ဆိုတာ
တစ်ချိန်က ... သုံးရာသီရဲ့
ဗီးနပ်စ် ဖြစ်ခဲ့တယ် ...
တကယ်တော့ ...
ဧဒင်ရဲ့ သစ်သီးတစ်လုံးဟာလည်း
ကမ္ဘာဦးရဲ့ နျူကလီးယား ဗုံးပါပဲကွယ် ...
ပြဒါးတစ်လမ်း၊ သံတစ်လမ်းတဲ့
အဲ့ဒါကြောင့်ပဲ ထင်ရဲ့
စံပယ်ကြမ်းတွေ ဖားလျားကျတဲ့မနက်က
တိမ်ကွဲတွေနဲ့ ညွှတ်အိတွဲခဲ့တယ် ..... ။ ။
နေရိုင်း
Friday, 12 October 2012
ဤသို့မည်သော ...
ရနံ့တွေ တသုန်သုန်ပွင့်ခဲ့တဲ့လမ်းကလေးပေါ့
စံပယ်တစ်ပွင့်စာကလေးလင်း
စောင်းကြိုးတွေလည်း တင်းခဲ့တယ် ...
နတ်ဆိုးတွေရဲ့ အာသံကို
ကန္တာရလက်ဖဝါးနဲ့ပန်ရင်း
သင်းကွဲအိပ်မက်ထဲ
ရိုက်ခွဲကြိတ်ထည့်
အလွမ်းတွေလည်း
မှုန်နေအောင် လဲ့ခဲ့ပြီ ...
နေရိပ်၊ လရိပ်အလွန်မှာ
ရာသီအိုတွေ
တလွင်လွင်လိမ့်ဆင်း
ကောင်းကင်စကားတစ်ခွန်းက
ကြယ်စင်တွေကို နစ်မွန်းစေခဲ့ ...
ဒီလိုနဲ့ ...
စကြဝဠာအခန်းခန်းမှာ
ပြက္ခဒိန်တွေ သမ်းဝေငိုက်မြည်းရင်း
အနန္တအရောင်မှာ
သက်ပြင်းတွေဟာ မှောင်လွန်းခဲ့တယ် ..... ။ ။
နေရိုင်း
Subscribe to:
Posts (Atom)